Saturday 26 March 2011

ကြွပ်ကြွပ်အိတ်တစ်အိတ်…




ဟောပြောပွဲတစ်ခု၌ သူဌေးကြီးတစ်ဦးက သူ့အနေဖြင့် ဤမြို့သို့ရောက်ခဲ့စဉ်က ကြွပ်ကြွပ်အိတ်ကလေးတစ်လုံးသာပါရှိခဲ့ကြောင်း ယခုသိန်းပေါင်းများစွာ ချမ်းသာနေပြီဖြစ်ကြောင်းများကိုပြောပြပြီးနောက် သတင်းထောက်ကမေးလေသည်။

သတင်းထောက်။ ။လူကြီးမင်းအရမ်းကြိုးစားခဲ့တာပဲ။

သူဌေး။ ။ဒါပေါ့ဗျာ။

သတင်းထောက်။ ။အခက်အခဲတွေလည်း ကြုံတွေ့ခဲ့ရမှာပဲနော်။

သူဌေး။ ။အများကြီးပေါ့။

သတင်းထောက်။ ။ဇွဲလည်းကောင်း အခက်အခဲတွေလည်း ကျော်လွှားနိုင်ခဲ့တာပေါ့။

သူဌေး။ ။ဟုတ်ပါတယ်။

သတင်းထောက်။ ။ဒါထက်…လူကြီးမင်းအနေနဲ့ ဒီမြို့ကို ရောက်ခါစမှာ ကြွပ်ကြွပ်အိတ်တစ်လုံးပဲပါတယ်လို့ ပြောခဲ့တယ်နော်။

သူဌေး။ ။ဟုတ်တယ်လေ။

သတင်းထောက်။ ။အဲဒီကြွပ်ကြွပ်အိတ်ထဲမှာ ဘာတွေများပါလဲ လူကြီးမင်း။

သူဌေး။ ။ငွေကျပ် သိန်းနှစ်ထောင်ပါ။

သတင်းထောက်။ ။ဗျာ Cheesy Cheesy

No comments:

Post a Comment