Friday 1 April 2011

ဘာမြင်ခဲ့လဲ သိလား...

အဖေက ကျွန်တော့်ကို နိုက်ကလပ်တွေ မသွားဖို့၊ မလုံတလုံ ၀တ်ထားတဲ့
ဖက်ရှင်ရှိုးတွေ သွားမကြည့်ဖို့ အမြဲပြောတယ်။ အဖေ့စကားနားမထောင်ဘဲ
အဲဒီလို နေရာမျိုးတွေ သွားရင် မမြင်သင့်တာတွေ မြင်တတ်တယ်လို့ အဖေ
က ပြောပါတယ်။ အဖေက မသွားနဲ့ ပြောမှ တခါမှ မရောက်ဖူးတဲ့ကျွန်တော်
သွားချင်လာမိတယ်။ တရက်မှာ အဖေမသိအောင် တိတ်တိတ်လေး လက်မှတ်
ဝယ်ပြီး ကျွန်တော်သွားခဲ့တယ်။ ၀င်ဝင်ချင်းပဲ မမြင်သင့်တာကို ကျွန်တော်မြင်
သွားတယ်။ ဘာမြင်ခဲ့လဲ သိလား...
ကျွန်တော့် "အဖေ" ကိုလေ....
အမေပြောထားလို့ပါ......

> တရားသူကြီးက သက်သေထွက်ဆိုမယ့်သူကို မှာတယ်။
>
> "တရားရုံးမှာ စစ်ဆေးမေးမြန်းတဲ့အချိန် မလိမ်ညာရဘူး။ ကိုယ့်မျက်စိနဲ့
> တပ်အပ်မြင်တာကိုပဲ ပြောရမယ်။ တစ်ခြားလူပြောတာကို မပြောရဘူး။ နားလည်လား!"
>
> "ဟုတ်ကဲ့.. နားလည်ပါတယ်"
>
> "ကောင်းပြီ... မောင်ရင်ရဲ့ မွေးနေ့နဲ့ မွေးဖွားရာဇာတိကို အရင်ပြောပါ"
>
> "တရားသူကြီးမင်း.. ဒါကို ကျွန်တော်ပြောလို့မဖြစ်ဘူး။ အဲဒီတွေကို
> ကျွန်တော့်အမေကတစ်ဆင့် ကျွန်တော်သိခဲ့ရတာမို့ပါ"


ဟင်.....

> ဆရာဝန်တစ်ဦးက စားသောက်ဆိုင်တစ်ဆိုင်မှာ ထမင်းစားဖို့ ရောက်လာခဲ့တယ်။
> ဟင်းမှာနေတုန်း မထင်မှတ်ဘဲ စားပွဲထိုး တင်ပါးကုတ်နေတာကို တွေ့လို့
> မေးလိုက်တယ်။
>
> "လိပ်ခေါင်းရှိသလား!"
>
> ဆရာဝန်စကားကို စားပွဲထိုးပြန်ဖြေလိုက်တာက "ဆောရီး.. menu
>