Saturday 26 March 2011

မြန်မာ Dictionary

ကြွပ်ကြွပ်အိတ်တစ်အိတ်…




ဟောပြောပွဲတစ်ခု၌ သူဌေးကြီးတစ်ဦးက သူ့အနေဖြင့် ဤမြို့သို့ရောက်ခဲ့စဉ်က ကြွပ်ကြွပ်အိတ်ကလေးတစ်လုံးသာပါရှိခဲ့ကြောင်း ယခုသိန်းပေါင်းများစွာ ချမ်းသာနေပြီဖြစ်ကြောင်းများကိုပြောပြပြီးနောက် သတင်းထောက်ကမေးလေသည်။

သတင်းထောက်။ ။လူကြီးမင်းအရမ်းကြိုးစားခဲ့တာပဲ။

သူဌေး။ ။ဒါပေါ့ဗျာ။

သတင်းထောက်။ ။အခက်အခဲတွေလည်း ကြုံတွေ့ခဲ့ရမှာပဲနော်။

သူဌေး။ ။အများကြီးပေါ့။

သတင်းထောက်။ ။ဇွဲလည်းကောင်း အခက်အခဲတွေလည်း ကျော်လွှားနိုင်ခဲ့တာပေါ့။

သူဌေး။ ။ဟုတ်ပါတယ်။

သတင်းထောက်။ ။ဒါထက်…လူကြီးမင်းအနေနဲ့ ဒီမြို့ကို ရောက်ခါစမှာ ကြွပ်ကြွပ်အိတ်တစ်လုံးပဲပါတယ်လို့ ပြောခဲ့တယ်နော်။

သူဌေး။ ။ဟုတ်တယ်လေ။

သတင်းထောက်။ ။အဲဒီကြွပ်ကြွပ်အိတ်ထဲမှာ ဘာတွေများပါလဲ လူကြီးမင်း။

သူဌေး။ ။ငွေကျပ် သိန်းနှစ်ထောင်ပါ။

သတင်းထောက်။ ။ဗျာ Cheesy Cheesy
သတင်းကောင်းနှင့်သတင်းဆိုး….



ဆေးရုံသို့ လာရောက်ပြသသောလူနာအား ဆေးစစ်ချက်မှတ်တမ်းများ ဖတ်ပြီးနောက် ဆရာဝန်က-

ဆရာဝန်။ ။ကျွန်တော်ခင်ဗျားကို ပြောရမှာ သတင်းကောင်းတစ်ခု၊ သတင်းဆိုးတစ်ခု ရှိတယ်၊ဘယ်ဟာကို အရင်နားထောင်ချင်လဲ။

လူနာ။ ။သတင်းဆိုးကို အရင်ပြောပါဗျာ။

ဆရာဝန်။ ။ခင်ဗျား ကင်ဆာရောဂါဖြစ်နေပြီ..နောက်ထပ် နှစ်နှစ်လောက်ပဲနေရတော့မှာ။

လူနာ။ ။ကျွန်တော့်ဘ၀ကဆိုးပါတယ်ဗျာ၊ သတင်းကောင်းကကောဘာလဲဟင်။

ဆရာဝန်။ ။ခင်ဗျားမှာ အယ်လ်ဇိုင်းမားရောဂါလဲဖြစ်နေတဲ့အတွက် နောက်တစ်လကြာရင် ကျွန်တော်ပြောခဲ့တာတွေ အကုန်မေ့သွားတော့မှာပါဗျာ။

လူနာ။ ။အမလေး ဆရာရယ် Tongue Tongue
(ကောင်းပါတယ်)



မောင်ချစ်။ ။ ငါသေသွားခဲ့ရင် မင်း နောက်အိမ်ထောင်ပြုမှာလား?
ဇနီးဖြစ်သူ။ ။ ဟင့်အင်း... ကျွန်မညီမနဲ့ပဲ နေမှာ။ ဒါနဲ့ ရှင်ကော ကျွန်မ
သေသွားရင် နောက် အိမ်ထောင် ပြုမှာလား?
မောင်ချစ်။ ။ ဟင့်အင်း... ငါလဲ မင်းလိုပဲ မင်းညီမနဲ့ပဲ နေမှာပေါ့။
(အထီးအမခွဲခြားနည်း)




"မေမေ၊ ကျွန်တော် ယင်ငါးကောင်ကို သတ်လိုက်တယ်၊ နှစ်ကောင်က အထီး၊
သုံးကောင်က အမ" ဟု ငါးနှစ်သား လူငယ်လေးက သူ့မိခင်ကိုပြောလိုက်သည်။
"ဟုတ်လား၊ ဒါနဲ့သားက ယင်ကောင် အထီးနဲ့ အမ ဘယ်လိုခွဲသလဲကွဲ့။"
"အော်…ဒါလား နှစ်ကောင်က ဘီယာပုလင်းပေါ်မှာ၊ သုံးကောင်က ကြည့်မှန်ပေါ်မှာ နားနေကြတာလေ"
(လက်ထပ်လျင်)
 


အမျိုးသမီးနှစ်ယောက် တစ်နေ့လက်ထပ်ရင် ဘယ်လိုယောင်္ကျားမျိုးကိုရှာပြီး
လက်ထပ်ရမည့် အကြောင်းပြောနေကြသည်။
ပထမမိန်းမ။ ။ငါယူတဲ့ယောင်္ကျားကချမ်းသာတဲ့သူဖြစ်ရမယ်။သဘောကောင်းတဲ့သူဖြစ်ရမယ်။ရုပ်ချောတဲ့သူဖြစ်ရမယ်။
ဒုတိယမိန်းမ။ ။အို..........ဒါဆို နင်ကယောင်္ကျား ၃ ယောက်တောင်ယူမှာလား
မဟုတ်ဘူးလား

စိတ်ရောက်ဂါကုဆရာဝန်က သူ့ ရဲ့ လူနာကိုမေးတယ်.........

"၁၀၀ ထဲကနေ ၁ နှုတ်ရင် ဘယ်လောက်ကျန်သလဲ"
လူနာကအတော်ကြာကြာ စဉ်းစားပြီးမှ....
"သုံည (၂) လုံးကျန်မယ်ဆရာ"
ပြောရမှာခက်တယ်



မိန်းမဖြစ်သူမီးဖွားတော့မည်ဖြစ်သောကြောင့် ယောက်ျားဖြစ်သူကဆရာဝန်ကို
ဖုန်းဆက်ခေါ်သည်။ ဆရာဝန်မကြီးရောက်လာပြီး.....
"လူနာရော"
"အခန်းထဲမှာ"
"ရှင် အပြင်မှာနေနော်"
"ဟုတ်ကဲ့"
ခဏလေးကြာတော့ ဆရာဝန်မကြီးက တံခါးဟလိုက်ပြီး
"ကျောက်လှည့်ရှိရင် အမြန်ပေးပါ"
"ဟုတ်"
ယောက်ျားဖြစ်သူကယူပေးလိုက်တယ်။ ဆရာမကြီးက၀င်သွားပြီး ပြန်ထွက်လာတယ်။
"ပလာယာပါလို ချင်တယ်"
"ဟုတ်"
တစ်မိနစ်လောက်ကြာတော့
"စို့ နဲ့ တူသာပေးပါတော့"
ဒီတော့လူနာရှင်ကစိုးရိမ်ပြီး-
"ဗျာ လူနာရဲ့ အခြအနေကတော်တော်ဆိုးလို့ လား"
"မပြောတတ်သေးဘူးရှင် ဆေးသေတ္တာကိုဖွင့်လို့ မရသေးလို့ "

နေရာမှားခြင်း




တာဇံနှင့် သူ၏တောတွင်းအပေါင်းအသင်းများဖြစ်ကြသော တိရိစ္ဆာန်များသည် ရေကူးရန်မြစ်ကမ်းနားသို့ရောက်လာကြသည်။
တာဇံသည် မြစ်ထဲမဆင်းမီ အ၀တ်အစားများချွတ်လိုက်သည်
တိရိစ္ထာန်များ ၀ိုင်းရယ်ကြသည်။
တာဇံ ။ ။ မင်းတို့ဘာလို့ ရယ်ကြတာလဲ
တိရိစ္ဆာန်များ ။   ။ မင်းအမြီးက ရှေ့မှာပေါက်နေလို့ကွ
ရှေ့ပြောနောက်ကြည့်


“ဘာလို့ အလုပ်က ထွက်လာတာလဲ”
“သူဌေးက အပြောအဆိုမတတ်လို့ပါ”

“ဟေ ဘယ်လိုပြောလို့လဲ”

“ကျွန်မကို သိပ်လှတာပဲတဲ့”

“ဒါလောက်ကလေး ပြောတာနဲ့ စိတ်ဆိုးရသလား”

“ကျွန်မက စိတ်မဆိုးပါဘူး၊ သူ့မိန်းမစိတ်ဆိုးသွားတာ၊ သူ့မိန်းမရှေ့ပြောတာကိုး”

သွေးစစ်မလို့တဲ့




ဆေးခန်းတစ်ခုမှာ ဖြစ်ပါတယ်။ ဆေးစစ်ခန်းအပြင်ဘက်မှာ ကလေးနှစ်ယောက်ထိုင်စောင့်နေတယ်။ သူတို့အထဲက တစ်ယောက်က ငိုနေတယ်။ အဲ့ဒါနဲ့
ပထမကလေး။ ။ဘာကြောင့်နင်ငိုနေတာလဲ?
ဒုတိယကလေး။ ။ငါသွေးလာစစ်တာ။
ပထမကလေး။ ။ကြောက်လို့ငိုနေတာလား?
ဒုတိယကလေး။ ။မဟုတ်ဘူး။ သူတို့က ငါ့လက်ကို ဖြတ်ပြီးစစ်မှာတဲ့
အဲ့ဒီလို ဖြေလိုက်တော့ ပထမကလေးက ထပြီး ရှိုက်ကြီးတငင်ငိုပါလေရော။ ဒုတိယကလေးက အံ့အားသင့်စွာနဲ့....
ဒုတိယကလေး။ ။နင်က ဘာဖြစ်လို့ထငိုနေရတာတုန်း?
ပထမကလေး။ ။ငါ့ကိုကျတော့ သူတို့က ဆီးစစ်မလို့တဲ့.... အီးးးးးးးးးးးးးးးးး
ရှင်းရော ..




``မင်း ကဗျာရွတ်ပြိုင်ပွဲမှာ မပါဘူးလား´´
``ငါ့ .. ငါ့ကို .. မ … မ .. ပြိုင်ရဘူးတဲ့´´
``ဘာဖြစ်လို့လဲ´´
``အ .. အရပ် .. ပု .. ပု .. ပုလို့တဲ့ကွ´´
ဘယ်သူမှမပြောနဲ့နော်




" ဓူဝံကြယ်ဆိုတာ ဘယ်ဟာလဲဟင်ဘိုးဘိုး "
" ဟိုး ..... တောင်ဘက်က ကြယ်နီနီကြီးဟာ ဓူဝံကြယ်ပေါ့ မြေးရဲ့ "
" ဟင် ..... ကျောင်းမှာ ဆရာမကပြောတော့ ဓူဝံကြယ်ဟာ မြောက်အရပ်မှာရှိတယ်ဆို "
" ရှူး ..... ဘယ်သူမှ လျှောက်မပြောလေနဲ့ ၊ ဓူဝံကြယ်တောင်ဘက်ကိုပြောင်းသွားတာတစ်ပတ်လောက်ပဲရှိသေးတယ် မြေးရဲ့ "
 အနမ်းတစ်ပွင့်ပဲပေးပါ



စတိုးဆိုင်ကြီးတစ်ခုအတွင်းမှာ ချောချောမောမော လှလှပပ မိန်းခလေးတစ်ယောက်ဟာ ဈေးဝယ်နေပါတယ်.. အဲဒီမှာ အဆင်လှလှ ပိတ်စလေးတစ်စကို တွေ့လိုက်ရတော့ ၀ယ်ယူဖို့အတွက် အရောင်းကောင်ဆီမှာ “တစ်ကိုက်ကို ဘယ်လောက်လဲ” လို့ ဆိုင်ရှင်ကို ဈေးမေးလိုက်ပါတယ်.. ဆိုင်ပိုင်ရှင်က လူလတ်ပိုင်းအရွယ် ယောက်ျားတစ်ယောက်ဖြစ်ပါတယ်.. ဆိုင်ရှင်ကလည်း ချောချောလှလှ ကောင်မလေးကို ခပ်ပြုံးပြုံးနဲ့ “တစ်ကိုက်ကို အနမ်းတစ်ပွင့်ဘဲ ပေးပါ”  လို့ ပြန်ဖြေလိုက်ပါတယ်..  ဒီတော့ ကောင်မလေးကလည်း “အိုကေလေ ကောင်းတာပေါ့.. ဒီလိုဆို ကျွန်မ ဆယ်ကိုက်ယူမယ်” လို့ ပြောလိုက်ပါတယ်.. ဆိုင်ရှင်က အကွက်တော့ ၀င်ပြီဆိုပြီး ပြုံးရွှင်စွာနဲ့ မျှော်လင့်ချက်တွေပြည့်ပြီး အားရကျေနပ်တဲ့ မျက်နှာနဲ့ ပိတ်စ ဆယ်ကိုက်ကို အမြန်ဆုံး တိုင်းထွာလိုက်ပါတယ်..

ပြီးနောက် အစကို ကပ်ကြေးနဲ့ ဖြတ်လိုက်ကာ အိတ်ကလေးတစ်ခုနဲ့ ထုပ်ပိုးပြီး ကောင်မလေးကို လှမ်းပေးလိုက်ပါတယ်.. ကောင်မလေးက အိတ်ကို လှမ်းယူလိုက်ပြီးနောက် မလှမ်းမကမ်းမှာ ရပ်စောင့်နေတဲ့ အသက်ခပ်ကြီးကြီး လူကြီးတစ်ယောက်ကို လက်ညိုးညွှန်လိုက်ကာ ဆိုင်ရှင်ဖြစ်သူကို အပြုံးလေးနဲ့ ပြောလိုက်တာက “ကျသင့်တန်ဖိုးကို ကျွန်မရဲ့အဖိုးက ကျွန်မကိုယ်စားရှင်းပေးလိမ့်မယ် ” လို့ ပြောပြီး သူ့ရှေ့ကနေ ထွက်ခွာသွားပါတော့တယ်..

Thursday 3 March 2011

Computer တပ်ဆင်နည်း

                  ကွန်ပျူတာတစ် လုံးကို စ တင် တပ် ဆင် တော့ မယ် ဆိုလျှင် ပထမဆုံး ပါ ၀င် တဲ့ အရာတွေကို သိရှိ ထားရပါ မယ်...ဘယ် ကွန် ပျူတာဘယ် လောက် Model ပဲ ဖြစ်ပါစေ ပါ ၀င် တဲ့ အရာ တွေက တူတုပါ ပဲ .ကွန် ပျူတာတစ် လုံး အလုပ်လုပ် ဖို့ အတွက်Main (ရ)မျိုးပဲ ရှိပါ တယ်...
                        ၁။ Motherboard
                        ၂။Processor
                        ၃၊ RAM
                        ၄။ HDD
                       ၅။ Video card (VGA)
                       ၆။Power Supply
                       ၇။ CD ROM  တို့ ပါ ပဲ။
 ၁။              စတင် ပြီး  ကွန် ပျူတာ တစ် လုံးကို စတင် တပ် ဆင် တော့ မယ် ဆို ရင် Motherboard ကို စတင် ရွေးချယ် ရပါလိမ့် မယ်. အဲ့ ဒီ မှာ  ကို တပ် ဆင် မဲ့ ပုံးရဲ့ အရွယ်အစားပေါ်မူတည် ပြီးရွေးချယ်ရပါ မယ်  ဒါမှ မဟုတ် ကို တပ်ဆင် မဲ့  Boardရဲ့အရွယ်အစားပေါ်မုတည်ပြီးရွေးလည်းရပါတယိMotherboard အရွယ်   (၂)မျိုးရှိပါတယ်..MATX နဲ့ ATX ပါ  ATX က Board  size အကြီးဖြစ်ပြီးMATX ကတော့  Board အသေးပါ...mother boradမှာ socket အမျိုး အစားအများပြားရှိပါတယ် Socket (478)..
Socket(775)..Socket(1366)..နှဲ့Socket (1156) ဆိုပြီးအများအပြားရှိ ပါ တယ် လုအသုံးအများဆုံးက  Socket (478)နဲ့ Socket(775)ပါ Socket  (****) ဆို တာ ကို တပ် ဆင် မဲ့ Processor Pin အေ၇အတွက် ပါ board ရဲ့ Processor  ထည့် တဲ့ ခွက်လေးထဲ မှာ ပါ ပါတယ်ေ၇ ကြည့် လို့ တော့ ရ တယ် အရမ်းတော့ မကိုင် နဲ့ ကြိုးတတ် တယ်.. အဲဒီ Pinလေးတွေမကြိုးအောင် ဂရုစိုက် တပ် ပါ
ဝယ်ယူလာတဲ့ Board ကို ကေစင် မှာ တပ်ဆင်ပါ  ..အော်ပုံးနောက်က သံပြားလေးကို လည်းတပ် ဖို့ မေ့ မနေ ပါနဲ့  ဦးမယ်..အခုMotherboard  တပ် ဆင်ပြီးရင် တော့
 ၂ ။            Motherboard စာ အုပ်လေးဖတ် ဖို့ လိုအပ် ပါ တယ်..  ကို  တပ် ဆင်မဲ့ board က  ဘယ် လို   Processor   ကိုလက်     ခံသလည်းဆိုတာကိုသိရပါမယ်..ဥပမာ  ကိုယ်ဝယ်ယူလာတဲ့ board  က  Socket 775 ဆိုပါစို့    ..အဲ့ ဒီ အမျိုးစားနဲ့ ကိုက် ညီ မဲ့ Processorကို ရှာဖွေပြီးဝယ်ပါ ..Socket (775) မှာ မှ ကို လိုချင်တာ ကို ရွေးပါ  Pentium 4 လားCore 2 duo လား ဆိုတာ ကို ရွေးချယ် ပါေ၇ွးပြီးပြီဆိုရင်တော့ Motherboard မှာ  တပ် ဆင် ပါ   တပ် ဆင် ရာ မှာသတိတော့ ထားပါ boardအောက်မှာပါ တဲ့ Processor ခံ Pin လေးတွေက န လို့ ပါ..တပ် ဆင် ရာမှာProcessor ပေါ်မှာလေးထောင့် အမည်းကွက် လေးပါ ပါတယ် အဲ့ ဒါကို လက်ယာဘက် မှာထားပြီးအံ
ဝင်ပြီးဆိုမှ ကလစ်ကိုဖိချပါ.. အဲ  အသေးစိတ် ကို လည်းMotherboard  စာအုပ် မှာ ရှင်းပြ ထားပါ တယ်..ပြီရင် တော့  Processor Fan
တပ် ပါFan ၀ယ်ရာ မှာ လည်းကိုယ် ၀ယ် တဲ့ Porocessor ပေါ်မူတည် ပြီးဝယ် ပါ Socket 775 ဆိုရင် socket 775 အတွက် Fanကို ၀ယ် ပါအလုပ် ရှပ်  မခံ ချင် ဘူးဆိုရင်   မုလီနဲ့ ဟာ ၀ယ် တပ် ပါ ..မုလီ နဲ့ ဆိုရင်တော့ board ကို   အပြင် မှာ အ၇င် ဆုံးFan နဲ့  Processor တပ်တာ အကောင်းဆုံးပါ ပဲ ...Fan  power ကြိုးကိုboard မှာ တပ် ဆင် ပါ board မျက်နာပြင်မှာ (CPU FAN)  ဆိုပြီးရေးထားပါတယ်..အဲ့ဒီ ပင်လေးမှာ စွပ် ပါ
၃။            RAM  တပ် ဖို့ ပါ .. Processor ကော Fanေ၇ာတပ် ပြီးပြီးဆိုရင်RAM  ချောင်းတပ် ဖို့ လိုပါ တယ် .. သူ လည်းProcessor  နည်းတုအရေးပါ တဲ့ အရာတစ် ခုပါ ..အမြန် နုန်းကို မြှင့် တင် ပေးဖို့ ပါ  RAM မှာ လည်းProcessor နည်းတူ အမျိုးအစားတွေရှိပါတယ်
(DDR,DDR2,DDR3)  ဆိုပြီ ရှိပါ တယ်  ဒါ့ အပြင် (400Mhz,667Mhz,800Mhz ,1066Mhz ) ဆိုပြီ ရှိ ပါတယ် Motherboard ရဲ့ လက်ခံ တဲ့  ပမာဏ ပေါ်မူတည် ပြီးရွေးချယ် ပါ .. များသောအားဖြင့်  DDRနဲ့ DDR2 ကို   သုံးကျ ပါ တယ်  (400,667,800Mhz ) တွေအသုံးများပါ တယ် RAM ချောင်းတပ် မယ် ဆိုရင် Board မှာ RAM ချောင်းတပ် ဆင်ရန် မြောင်းရှည်လေးနစ် ချောင်း(Or) လေးချောင်းပါဝင်ပါတယ် အဲ့ ဒီ မှာ တပ် ဆင်ပါ  တပ် ဆင် ရာ မှာRAM ချောင်းရဲ့ Center မှာ မြောင်းလေးပါ ပါ တယ် အဲ့ ဒါ ကို Boardက မြောင်းလေးနဲ့ အံဝင်ခွင် ကြ အောင် တပ် ဆင် ပါ...
၎။        လေးအချက်နေ နဲ့ အားလုံးတပ် ဆင်လို့ ပြီးပြီးဆိုလျှင်Video card (VGA)  တပ် ဆင် ရပါ မယ်..   VGA မှာ နစ်မျိုးရှိ ပါ တယ်(AGP /PCIE)ဆိုပြီးရှိ ပါ တယ်  (AGP ) က   တော့ အရင်  တုံးက  စက် တွေမှာသုံးပါတယ် (PCIE)က တော့ ခုနောက်ပိုင်း board တွေမှာ သုံးပါတယ်  boardရဲ့ လက် ခံ တဲ့ ပေါ် မုတည် ပြီးဝယ် ပါ (PCIE )ပဲ အများဆုံးနေ ပါလိမ့် မယ်  (AGP) တော့ ရှားသွားပြီ ဗျ ပျက်ရင် တောင် ရှာဖို့ ခက် တယ် ..   တပ်  မယ်  ဆိုရင် တော့  Processor  ရဲ့ အောက် တည့် တည့် မှာ   VGA  ထည့် ဖို့ မြောင်းလေးပါ ပါ တယ်  အဲ့ ဒီ မှာ အံဝင်အောင်တပ် ဆင် ပါ
၅။ အားလုံးတပ် ဆင်းပြီးရင် Board တစ် ခုလုံးအလုပ် လုပ် ရန် တအတွက်  Power ပေးဖို့ ပါ  ဒါ က တော့ တပ် ဆင် ခြင်းရဲ့ အဓိက ပါ ပဲ Power Supply ရွေးချယ်ရာ မှာ  HDD   ပေါ်မူတည် ပြီးရွေးချယ် ပါ ..  HDD -500GB  လောက် ဆို ရင် တော့ 450 Wလောက် မှ  အဆင် ပြေ ပါ တယ် ပါဝါ မမျှ ရင် board လောင် တတ် ပါ တယ် Power Supply မှာ ကြိုးတွေ အများကြီး ပါ ပါ တယ် board ကို ပေး မဲ့  ပါဝါ ကြိုးက   ခေါင်း အဖြု(၂၄ ပင်)  ပါ တဲ့  အကြီးခေါင်းရယ်.. (၄ပင်) ပါ တဲ့ အဖြူ ခေါင်းသေးရယ်နစ် မျိုးရှိပါတယ်..(၄ပင်)ပါတဲ့ ခေါင်းလေးက တော့  Processor  Fan ရဲ့ ဘယ် ဘက်  မှာ      ခုံ လေးပါ ပါ တယ် အဲ့ ဒီ မှာ တပ်   ပါ.. ခေါင်းအကြီးကို တော့  RAMရဲ့ အောက် နားမှာ   ၂၄ပင် အပေါက်လေးပါ ပါ တယ် အဲ့ ဒီ မှာစွပ် ပါ  အဲ့ င်္ဒီ မှာ  Board ကို ပါ ၀ါ ပေးပြီးပါပြီ နောက် ဆုံးနေနဲ့    board ကို control ပေးဖို့ ကြိုးများကိုတပ် ဆင်ရ ပါ မယ်.. control  ပေးတဲ့ ကြိုးတွေက တော့  ပုံး အောက် မှာ ပါ  ပါ တယ် ...    အဲ့ င်္ဒီ ကြိုးတွေကို Front panel wires များလို့ ခေါ်ပါ တယ် အဲ့ ဒီ  wire လေးတွေက အဓိက အကျ ဆုံးပါ ...boardကြီတစ် ခုလုံးအလုပ်လုပ်တဲ့ နေ ရာမှာ ... တပ် ဆင် ပုံ ကတော့     motherboard ရဲ့  ညာ ဘက်ထောင့်  အောက်  အစွန်းလေးနားမှာ  ရှိ ပါ တယ် အဲ့ ဒီ ကြိုးလေးတွေကို စိုက် ဖို့ ပါ ...  Front panel လို့ ရေးထားပါ တယ် ..board ပေါ်မှာ..ကြိုးတွေက တော့   Main switch ,Restart switch ,HDD LED switch,power switch တို့ ပါ  တပ်ဆင်ရာမှာ  ပုံးမှာ ပါ တဲ့  ကြိုးလေးတွေအပေါ်မှာ   စာ အတိုခေါက် လေးတွေရေးထားပါ တယ် board မှာ လည်း ရေးသားထားပါ တယ် သူနေ ရာ နဲပ သူ တပ် ဆင် ပါ မှားရွင်းစေ ပါ နဲ့     တပ် ဆင် တဲ့ ပုံစံကို  board စာ အုပ် မှာ ပြ သ ထားပါ တယ် ကြိုး မှာပါ တဲ့ စာ လေး တွေ ကို ပုံးရဲ့ အောက်ဘက် မှာ ထားတပ် ပါ  အဲ့ ဒါ ဆို အပေါင်းအနတ် မမှားတော့  ပါ  ဘူး တပ် ဆင် ပြီးသွားရင်  ပုံးမှ Power ခလုတ် ကို နိပ်ကြည့် ပါ  Processor Fan လည် ရပါ မယ် လည် ရင် Ok ပါ ပြီ မလည် ရင် တော့ Front panel  ကကြိုးလေးတွေတစ် ခေါက် ထပ် စစ် ပါ
၆။          HDD  ကို  board တွင် တပ် ပါ   HDD  မှာ နစ် မျိုးရှိ ပါတယ် ..တစ် ခုက SATA  /

SATA က ခုနောက် ထွက် တဲ့  HDD တွေပါ ကြိုးပြားသေးလေးပါ ..   အေ၇ာင် နစ် မျိုးရှိပါတယ်  အနှီရယ် အ၀ါရယ် ပါ ... IDE  က တော့ ဟိုးအရင်  ခု အချိန်ထိသုံးနေ ကြ ဆဲ ပါ Busကြိုးအပြားကြီးတွေပါ   ကို ၀ယ်  တာ ဘယ် လို    HDD ပဲ ဖြစ် ဖြစ် board မှာ အလွယ် တကူ တပ်ဆင် နိင် ပါ တယ်

ရ။          နောက် ဆုံးနေ နဲ့  CD ROM ကို တပ် ဆင် ပါ .. သူ မှာ လည်း(IDE /SATA) နစ်မျိုးရှိ ပါ တယ်    HDD လို ပဲ  CD Rom  ကို တပ် ဆင် ပါData   transfer  ကောင်းချင် ရင် တော့SATA  ဟာအကောင်းဆုံးပါ ပဲ
   အကုန် လုံးတပ် ဆင် ပြီး ရင် တော့  ကွန်ပျုတာ   တစ် လုံးဆင် လို့  ပြီးဆီးသွားပါ ပြီ..ကျန် တဲ့ အပိုင်းက တော့ Window တင် ဖို့ ပဲ ကျန် ပါ တယ် ... mouse , keyboard ,monitor တော့ ကို့ ဟာကို ပဲ တပ် လိုက် ကြ ပါ တော့ နော် .. Window တင် တဲ့ အပိုင်းကို လည်း အလျင်းသင့် ရင် တင် ပေး ပါ မယ်.. ကိုယ်တိုင် လက် တွေ့ ကို စာ အဖြစ် ပြောင်းရေးရတဲ့ အတွက် အမှားများပါခဲ့ ရင် ခွင့် လွတ် ပေးစေ ချင် ပါ တယ်  ..ကုးယူရေးသားထားခြင်းမရှိပါ ကိုယ် တိုင် ရေးသားခြင်းဖြစ် ပါ တယ်.. အကြံပေးချင် တာ ကွန်ပျုတာ ကို မကြောက် ပါ နဲ့    ပျက် ရင် ပျက် ပစေ လုပ်ပြစ် ပါ..တစ် ခါမရ နစ် ခါမရ စိတ်ဓါတ် မကျ ပါ နဲ့   ဖြစ် အောင် လုပ် ရင် ဖြစ်ပါ တယ်
                                                                                                                 သက်အောင်(ခ) သူရအောင်

http://www.edinooyin.com  မှ
Gtalk translation အကောင့်များ


အောက်က အကောင့်တွေ ကို gtalk add လိုက်ရင် ရပြီ...ဘာသာပြန်ပေးလိမ့်မယ်...အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်....fr2en@bot.talk.google.com (ပြင်သစ်ကနေ အင်္ဂလိပ်ကိုပြောင်းပေးပါတယ်) en2fr@bot.talk.google.com (အင်္ဂလိပ်ကနေ ပြင်သစ်) hi2en@bot.talk.google.com (ဟင်ဒီကနေအင်္ဂလိပ်) en2hi@bot.talk.google.com (အင်္ဂလိပ်ကနေဟင်ဒီ) it2en@bot.talk.google.com (အီတလီကနေအင်္ဂလိပ်) it2en@bot.talk.google.com (အင်္ဂလိပ်ကနေအီတလီ) ja2en@bot.talk.google.com (ဂျပန်ကနေအင်္ဂလိပ်) ko2en@bot.talk.google.com (ကိုရီးယားကနေအင်္ဂလိပ်) en2ko@bot.talk.google.com (အင်္ဂလိပ်ကနေကိုရီးယား) nl2en@bot.talk.google.com (နယ်သာလန်ကနေအင်္ဂလိပ်) en2nl@bot.talk.google.com(အင်္ဂလိပ်ကနေနယ်သာလန်) no2en@bot.talk.google.com (နော်ဝေးကနေအင်္ဂလိပ်) en2no@bot.talk.google.com (အင်္ဂလိပ်ကနေနော်ဝေး) pl2en@bot.talk.google.com (ဒါကတောကျွန်တော်လဲမသိဘူးဗျအတ်သာအတ်ထားတာကျွန်တော်မသုံးဘူးဗျ) en2pt@bot.talk.google.com (အင်္ဂလိပ်ကနေပေါတူဂီ) ar2en@bot.talk.google.com (အာရေဗျကနေအင်္ဂလိပ်) en2ar@bot.talk.google.com (အင်္ဂလိပ်ကနေအာရေဗျ) ro2en@bot.talk.google.com (ရိုမေးနီးယားကနေအင်္ဂလိပ်) en2ro@bot.talk.google.com(အင်္ဂလိပ်ကနေရိုမေနီးယား) ru2en@bot.talk.google.com (ရုရှားကနေအင်္ဂလိပ်) en2ru@bot.talk.google.com (အင်္ဂလိပ်ကနေရုရှား) sv2en@bot.talk.google.com (ဆွီဒင်ကနေအင်္ဂလိပ်) en2sv@bot.talk.google.com (အင်္ဂလိပ်ကနေဆွီဒင်) zh2en@bot.talk.google.com (တရုတ်ကနေအင်္ဂလိပ်) en2zh@bot.talk.google.com (အင်္ဂလိပ်ကနေတရုတ်) zh-hant2en@bot.talk.google.com (ရိုးရာတရုတ်ကနေအင်္ဂလိပ်) en2zh-hant@bot.talk.google.com (အင်္ဂလိပ်ကနေရိုးရာတရုတ်) zh-hant2zh@bot.talk.google.com (ရိုးရာတရုတ်ကနေနိုင်ငံတကာတရုတ်) zh2zh-hant@bot.talk.google.com (နိုင်ငံတကာတရုတ်ကနေရိုးရာတရုတ်) bg2en@bot.talk.google.com (ဘယ်ဂျီလယံကနေအင်္ဂလိပ်) en2bg@bot.talk.google.com (အင်္ဂလိပ်ကနေဘယ်ဂျီလယံ) cs2en@bot.talk.google.com (ချက်စကိုလိုဗီးယားကနေအင်္ဂလိပ်) en2cs@bot.talk.google.com(အင်္ဂလိပ်ကနေချက်) en2da@bot.talk.google.com (ဒါလဲဘာလဲမသိဘူးဗျသုံးဘူးဘူး) de2en@bot.talk.google.c(ဂျာမန်ကနေအင်္ဂလိပ်) en2de@bot.talk.google.com (အင်္ဂလိပ်ကနေဂျာမန်) de2fr@bot.talk.google.com (ဂျာမန်ကနေပြင်သစ်) fr2de@bot.talk.google.com(ပြင်သစ်ကနေဂျာမန်) el2en@bot.talk.google.com (ဂရိကနေအင်္ဂလိပ်) en2el@bot.talk.google.com (အင်္ဂလိပ်ကနေဂရိ) es2en@bot.talk.google.com (စပိန်ကနေအင်္ဂလိပ်) en2es@bot.talk.google.com(အင်္ဂလိပ်ကနေစပိန်) fi2en@bot.talk.google.com (ဖင်နစ်ရှ်ကနေအင်္ဂလိပ်) en2fi@bot.talk.google.com (အင်္ဂလိပ်ကဖင်လန် အဲလေယောင်လို့ ဖင်နစ်ရှ်) en2mm5@mmgeeks.org <en2mm5@mmgeeks.org>(အင်္ဂလိပ်ကနေမြန်မာ)

http://www.edinooyin.com မှ

Wednesday 2 March 2011


NTLDR Missing Error ပြသနာဖြေရှင်းနည်း



NTLDR Missing Error ကို ကွန်ပျုတာ အသုံးပြုတဲ့သူ တော်တော်များများတွေ့ဖူးကြမှာပါ..
window မတက်တော့ပဲ အောက်က ပုံလေးလို ဖြစ်နေတာကို မြင်ဖူးကြမယ်ထင်ပါတယ်..










အဲလိုကြုံတွေ့ရင် ဖြေရှင်းတာကို မသိရင် window ပြန်တင်ကြတာများပါတယ်...
ဘာကြောင့်ဖြစ်တာလည်းဆိုတော့ window မှာရှိတဲ့ ntldr နဲ့ ntdetect.com ဆိုတဲ့
ဖိုင်နှစ်ဖိုင်ပျက်သွားလို့ window မတက်တော့တာပါ..အဲဒီဖိုင်နှစ်ဖိုင်ကို
window ခွေထဲကနေ
ပြန်ထည့်ပေးလိုက်ရင် အဆင်ပြေသွားပါပြီ window ကိုပုံမှန်အတိုင်းပြန် အသုံးပြုနိုင်ပါပြီ...
ဘယ်လိုလုပ်ရမလည်းဆိုတာကို ကျနော် ဆွေးနွေးပေးပါ့မယ် ခင်ဗျာ...
အဲဒီ error တက်ပြီဆိုရင်
သူပြောထားတဲ့ အတိုင်း restart ချလိုက်ပါ..
ပြိးရင် window တင်ထားတုန်းက window CD ကိုထည့်ပြီး ၀င်းဒိုးတင်တဲ့ အတိုင်း repair ထိရောက်အောင်သွားပါ.
အဲဒီထဲကိုရောက်ရင် C partition ကိုသွားမှာဖြစ်လို့ C ကို 1 လို့သတ်မှတ်ပါတယ် 1 ကိုနှိပ်ပြိးဝင်လိုက်ပါ..
administrator password တောင်းပါလိမ့်မယ် မရှိရင်တော့ Enter ခေါက်ပြီးဝင်လိုက်ပါ...
CD (or) DVD Drive ရှိတဲ့နေရာကို သွားရမှာပါ ရောက်နေတာက C ထဲမှာပါ Drive ကို D ပေးထားရင် D ကိုသွားရမှာပါ.
တကယ်လို့ Drive ကို E ပေးထားရင်တော့ E ကိုသွားရမှာပါ...window ခွေထဲမှာရှိတဲ့
ntldr နဲ့ ntdetect.com ဖိုင်နှစ်ဖိုင်ကို C ထဲပြန်ထည့်လိုက်ရင် အဆင်ပြေသွားပါပြီ...
အောက်ကပုံလေးကို ကြည့်လိုက်ပါ c:\>dir D လို့ရေးလိုက်ရင် window ခွေထဲမှာရှိတဲ့ ဖိုင်တွေကျလာပါလိမ့်မယ်.
အဲဒီထဲက i386 ထဲကနေယူရမှာပါ ပထမ ntldr ကိုC ထဲကိုထည့်ရမယ့် command က copy D:\i386\ntldr C:\ပါ
နောက်ထပ် ntdetect.com ကိုထည့်ရမယ့် command ကတော့ copy D:\i386\ntdetect.com C:\ပါ..
အခုကျနော်ဆွေးနွေးတဲ့အထဲက အဆင်မပြေတာရှိရင်လည်း ပြန်ပြောပါခင်ဗျာ မရှင်းတာရှိရင်လည်း မေးနိုင်ပါတယ်..အဆင်ပြေကြပါစေဗျာ..


http://www.komyat.com မှ



Mouse မရှိတဲ့ အခါ Mouse အသုံးပြုသလိုမျိုး ကီးဘုတ်ကနေသုံးလို. ရတဲ့နည်းပါ။



၁။ Alt + Shift + Num Lock ( Alt ကီးရယ်၊ Shift ကီးရယ်၊ ညာဘက်ခြမ်းမှာ ရှိတဲ့ number lock ကီးရယ်ကို တစ်ပြိုင်နက် နှိပ်တာပါ)
၂။ Mouse Keyboard ဆိုတဲ့ box လေးပေါ်လာပြီဆိုရင် Settings ထဲသို့ဝင်ပါ။
၃။ Use Mouse Key မှာ Check box On ပေးရပါမယ်။
၎။ ပြီးရင် ဘေးက Settings ထဲသို့
ထပ်ဝင်ပါ။
၅။ Top Speed ကို high အထိဆွဲတင်ပါ။ Acceleration ကိုလည်း Fast အထိဆွဲတင်ပါ။
၆။ ပြီးရင် Ok လို့ ပြောပါ။ ညာဘက်ထောင့်အောက်ခြေမှာ Mouse ပုံစံလေးပေါ်လာပြီဆိုရင် ရပါပြီ။ တကယ်လို့ အဲ့ဒီ Mouse ပုံစံလေးမှာ မျဉ်းနီလေး
ခတ်ထားပါက Number lock Key ကိုတစ်ချက်ထပ်နှိပ်ပြီး မျဉ်းနီလေးပျောက်သွားအောင် လုပ်နိုင်ပါတယ်။
၇။ အခုဆိုရင် စပြီးတော့ Key Board ညာဘက်မှ
နံပါတ် ကီးများဖြင့် Mouse Pointer လေးကို ရွှေ့နိုင်ပါပြီ။
၈။ နံပါတ် 5 key ကတော့ mouse မှာပါတဲ့ click နှိပ်သလို အလုပ်လုပ်ပေးပါတယ်။
၉။ Right Click လုပ်ချင်ရင်တော့ Key Board ညာဘက်ခြမ်းက( - )key ကိုနှိပ်ပေးရပါမယ်။ Left Key ပြန်ပြောင်းချင်ရင်( / )key ကိုနှိပ်ပေးရပါမယ်။
Drug ဆွဲဖို.ဆိုရင်တော့( o )Key ကိုနှိပ်ပေးရပါမယ်။
၁၀။ အဒီအချိန်မှာ နံပါတ်တွေ ရိုက်ချင်ရင်တော့ ကီးဘုတ်ရဲ့ ညာဘက်ခြမ်းက နံပါတ်ကီးတွေနဲ.အဆင်ပြေမှာမဟုတ်ပါဘူး။
နဂို မူရင်းအတိုင်း ပြန်ထားချင်ရင်တော့ Alt + Shift + Num Lock ကို ပြန်နှိပ်၊



http://www.komyat.com မှ

ဖိုဒါကို အခြားလူ ဖွင့်ကြည့်လို့ မရအောင်လုပ်မယ်





ကိုယ်ဆောက်ထားတဲ့ အရေးကြီးတဲ့ ဖိုဒါကို အခြားလူ ဖွင့်ကြည့်လို.မရ၊ Delete လုပ်လို.မရအောင်လုပ်ထားမယ်။
ပထမဦးဆုံး ကိုယ်လုပ်မယ့် ဖိုဒါက NTFS နဲ.ပိုင်းထားတဲ့ Partation ပေါ်မှာရှိရပါမယ်။ ပြီးရင် My Computer ကိုဖွင့်။ Menu Bar က View Tab ကို ၀င်ပါ။ ဟိုးအောက်ဆုံးစာကြောင်း Use sinple file sharing ( Recommended ) ဆိုတဲ့ ချက်ဘောက်လေးကို အမှန်ခြစ် ဖြုတ်ပေးထားရပါမယ်။ ပြီးရင် OK နဲ.ထွက်။ ကဲစမယ် ကိုယ်ရဲ့အရေးကြီးတဲ့ ဖိုဒါပေါ်မှာ ညာဘက်ကလစ်နှိပ် ။ Sharing and Security ဆိုတာကိုဝင်။ Security ဆိုတဲ့
Tab မှာ Advance ကို ကလစ်နှိပ်။ ပြီးရင် အောက်နားက Inherit from parent the permission entries that apply to child objects. Include these with explicitly defined here ဆိုတဲ့ နေရာမှာ အမှန်ခြစ်လေး ဖြုတ်ပေးရပါမယ်။ ပြီးရင် Remove လို.ပြော။ Apply ၊ OK ၊ OK ပေါ့။ ဒါဆို ကိုလုပ်ထားတဲ့ ဖိုဒါကို ဘယ်သူမှ ဖွင့်လို.လဲရမှာ မဟုတ်သလို Delete လဲလုပ်လို.ရမှာ မဟုတ်တော့ပါဘူး။
ကိုက ပြန်ဖွင့်ချင်တယ် ဆိုရင်တော့ အဲဒီဖိုဒါပေါ်မှာ ညာဘက်ကလစ်ပြန်နှိပ် sharing and security ကိုဝင် ပြီးရင် Owner ဆိုတဲ့ Tab ကို သွားပါ။ Administrator ပေါ်မှာ select မှက်ပြီး Reblace owner in subcontainers and objects ဆိုတဲ့ စာကြောင်းမှာ အမှန်ခြစ်လေး ပြန်ထည့်ပေးရပါမယ်။ ပြီးရင်တော့ OK ပေါ့။ ဒါဆိုရင်တော့ ပြန်ဝင်လို.ရပါပြီ။



http://www.komyat.com မှ